Monday, August 6, 2007

စုံစမ်းမေးမြန်းခြင်း သည်းခံပါ

ပြုံးချင်စရာ ကဗျာလေး တွေးပြီး ရေးပေမယ့် ရင်ထဲမှာ မချိဘူးဗျ ....

စုံစမ်းမေးမြန်းခြင်း သည်းခံပါ

ကျနော်၏ နှလုံးသားသည်
ကျနော်၏ လိုအင်ဆန္ဒကို
ဆန့်ကျင်ကျော်လွှား၍
မချစ်သင့်သူကို ချစ်မိခြင်း၊
မရနိုင်သည်ကို မျှော်လင့်ခြင်း၊
မဖြစ်နိုင်သည်ကို စိတ်ကူးယဉ်ခြင်းတို့ကို
အကြိမ်ကြိမ် အဖန်ဖန် ပြုလုပ်ပြီး
ကျနော်၏ရင်တွင်းမှ
ဆင်းသက်ထွက်ခွာသွားပါသည်။
ယနေ့မှ စ၍
ကျနော်၏နှလုံးသားနှင့် ကျနော်တို့
မည်သို့မှ ပတ်သက်မှုမရှိတော့ပါ။
စုံစမ်းမေးမြန်းခြင်း သည်းခံပါ။ ။

ခရီရေတာ
06.08.2007

3 comments:

Anonymous said...

အတည် >>>> =O ဘာပြောရမှန်းတောင် သိတော့ဘူး.. Heart ထိတယ်.. အစ်ကိုတော်က လုပ်ချလိုက်ပြန်ပြီ..
အပြောင် >>>> ဒါနဲ့ နှလုံးသားက ဘယ်နေရာကို ထွက်ခွာသွားတာလဲ.. ?? အမွေပြတ်စွန့်လွှတ်လိုက်တာလား.. စိတ်ပြေရင် ပြန်ခေါ်မှာလား.. စုံစမ်းမေးမြန်းခြင်း သည်းခံပါဆိုပေမဲ့.. အချင်းချင်းတွေပဲ.. လက်တို့ပြီးပြောပြ.. ဟိဟိ..

pandora said...

မစုံစမ်းလို့တော့ မရဘူး။ ဘယ်သူ့ကို မျှော်လင့်တာလဲ။ နာ့ညီမကို ဆိုရင်တော့ အခု နှလုံးသားက ရင်ထဲက ဆင်းသွားပြီဆိုတော့ စိတ်လျှော့လိုက်ပြီဆိုရင်လည်း အေးတာပဲ။ ဒါမှမဟုတ် နောက်တစ်ယောက်ကို မျှော်လင့်ခဲ့တာ ဆိုရင်လည်း နှလုံးသားအဟောင်းကြီးမို့ သဘောမတူဝူး..

Unknown said...

nice!!!