ရိုးရိုးလေး
အချစ်ကဗျာ ရိုးရိုးလေးတစ်ပုဒ်ပါ ....
ရိုးရိုးလေး
ကိုယ်က ...
ပန်းပွင့်လှလှတွေ ဖူးပွင့်လောက်အောင်
စကားမဆိုတတ်ပါဘူး
မင်းအပြုံးလှလှရရုံလောက်သာ
ကြိုးစားနေရသူပါ။
ကိုယ်က ...
ကြယ်တွေလတွေ ကြွေကျလောက်အောင်
လွမ်းမပြတတ်ပါဘူး
မျက်ရည်တစ်စ မြေခရုံလောက်သာ
တမ်းတတတ်သူပါ။
ကိုယ်က ...
နတ်ဘုရားတွေ ဦးညွတ်ရလောက်အောင်
ချစ်မပြတတ်ပါဘူး
မြတ်မြတ်နိုးနိုး ရိုးရိုးသားသားနဲ့သာ
ချစ်မိခဲ့သူပါ။
ကောင်မလေးရယ် ...
မင်းကို ကိုယ်ချစ်တာ
ရိုးရိုးလေးပါ။ ။
ခရီရေတာ
21.2.2006
No comments:
Post a Comment