Friday, June 1, 2007

မုန်းမုန်းမေ့မေ့

ကျနော်က သီချင်းတွေကို သိပ်ကြိုက်တော့ ကျနော့်ကဗျာတွေရဲ့ ခေါင်းစဉ်တွေက သီချင်းစာသားတွေ ဖြစ်နေတတ်တယ်။ အခုကဗျာလေးရဲ့ ခေါင်းစဉ်ကလဲ သီချင်းစာသားပဲ။ `မုန်းမုန်းမေ့မေ့´ ရဲ့နောက်က ဆက်ပြီး လာတဲ့ စာသားက `မုန်းမေ့ပါဘူးလို့ ပြောချင်တယ်´ တဲ့။

မုန်းမုန်းမေ့မေ့

ကျနော် .. သူ့ကို
မေ့ပစ်လိုက်ပါပြီ။

ဒီအချိန်ဆိုရင် သူရုံးဆင်းပြီလို့
ကျနော် မစဉ်းစားမိပါဘူး။

ဘတ်စ်ကားတွေ ကျပ်နေမလားလို့
ကျနော် စိတ်မပူဘူး။

အခုအချိန်လောက်ဆိုရင်
ကားနောက်တစ်ဆင့်ပြောင်းစီးဖို့
ကားစောင့်နေလိမ့်မယ်လို့
ကျနော် သတိမရပါဘူး။

သူစီးရမယ့် ဘတ်စ်ကားကို
အကြာကြီး စောင့်နေရမလားလို့
ကျနော် မတွေးမိဘူး။

ဘတ်စ်ကားလာရင်
လူချောင်ပါစေလို့
ကျနော် ဆုမတောင်းတော့ဘူး။

ကျနော် .. သူ့ကို
မေ့ပစ်လိုက်ပါပြီ။ ။

ခရီရေတာ
15.6.2005

3 comments:

pandora said...

ခရီရေတာ့ ကဗျာလေးတွေက ချစ်စရာကောင်းတယ်။

မုန်းမုန်းမေ့မေ့ နောက်တစ်ခုရှိသေးတယ် မဟုတ်လား
ဒီကဗျာမဟုတ်ပါဘူး.. မမှတ်မိတော့ဘူး။

(တေးမွန်) said...

သနားလိုက်တာဗျာ .. ကောင်မလေးကို.. ခင်ဗျားကြီးတော်တော် ရက်စက်တာပဲ.

တေးမွန်

SCORPION said...

အောင်မာ ဒေါ်လေးပန်ဒိုရာ ကဗျာလေးတွေတင်ပဲလားဗျ... အစ်ကိုတော် ပြန်မေးလိုက်စမ်းပါ ဟား ဟား :P