Wednesday, May 30, 2007

တစ်ဖက်သတ် (၁)



ဒီလို ခံစားချက်မျိုး ပြန်ခံစားမိလာလို့ ....


တစ်ဖက်သတ် (၁)

ဟန်ဆောင်ပျော်ရွှင်ရင်း
မင်းအကြောင်းတွေးပြီး
ဝမ်းနည်းနေတယ်။

ကိုယ့်အတွက် မရည်ရွယ်တဲ့
မင်းအပြုံးတွေကို
ကိုယ် ဘယ်လိုနှလုံးသားမျိုးနဲ့
ခံစားပေးရမလဲ။

ကိုယ့်အတွက် မဟုတ်တဲ့
မင်းအချစ်တွေကို
ကိုယ် ဘယ်လိုခွန်အားမျိုးနဲ့
မုဒိတာပွားပေးရမလဲ။

ဘယ်သူမှ မသိပေမယ့်
တကယ်ဆိုတော့ ..
ကိုယ်က မင်းကိုချစ်နေရသူလေ။။

ခရီရေတာ
4.7.2000

1 comment:

(တေးမွန်) said...

ဟုတ်တေူဝူးဗျာ.. ကိုယ်အတွက်မဟုတ်လဲ.. လှတာကလှတာပဲလေ နော..

အတ္တအကြီးချမ်းပါနဲ့ ဂျာ..

တေးမွန်