အရိုင်းဘုံ
သူများတွေ ရေးတဲ့ မော်ဒန်ကဗျာတွေ ဖတ်ပြီး ကျနော်လဲ လိုက်ဒန်ကြည့်တာ။ မြန်မာပြည်က အခြေအနေကို စိတ်နာတဲ့ အကြောင်းလေး ..အရိုင်းဘုံ
လမိုက်ည ...
ကြယ်တွေက
သူတို့ကိုသူတို့ ဖောက်ခွဲပြီး
အလင်းပေးနေကြတယ်။
အမှောင်တိုက်ထဲမှာ
ကိုယ့်အသား ကိုယ်ပြန်စားနေတဲ့
လူမိုက်တွေလဲ ရှိရဲ့။
မိုးခါးရေတဲ့လား ...
သောက်နေကျမို့
ခါးမှန်းမသိသာဘူး။
ဆုံးမစကားတွေ လာပြောမနေပါနဲ့
ငါ့လမ်းရဲ့ ဦးတည်ရာကို
ငါကိုယ်တိုင်တောင် မသေချာဘူး။
ငါ့လယ်မြေဟာ
စိုက်ပျိုးနိုင်အောင် ထွန်ယက်ပြီးမှ
ကွန်ကရစ် အလောင်းခံလိုက်ရတယ်။
အချစ်ရယ် ...
ငါ့ကို တအားမဖက်လိုက်ပါနဲ့
ငါ့ရင်ထဲက ဆူး
မင်းကို စူးမှာစိုးတယ်။ ။
ခရီရေတာ
2.8.2000
(re-edited in 25.6.2006)
1 comment:
ကောင်းတာပါ့..
တေးမွန်
Post a Comment