ဘာကြောင့်
အသက်၂၀တုန်းက ရေးခဲ့တဲ့ ကဗျာလေးပါပဲ။ ၀ိုင်းဝိုင်းအရာလေးတောင် မကျန်ခဲ့တဲ့ ကျနော့်ရဲ့ အဖြစ်အပျက်တွေထဲက တစ်ခုပေါ့ ...
ဘာကြောင့်
ကိုယ့်ရဲ့ အကြင်နာစကားတွေကို
လှောင်ပြီး မရယ်ခင်
မင်းမျက်နှာမှာ
အပြုံးရိပ်သမ်းသွားရတာ
ဘာကြောင့်များလဲကွယ်။
ကိုယ် တခြားမိန်းကလေးတွေအကြောင်း
ပြောမိတဲ့အခါ
မင်းမျက်လုံးလေးတွေ
ဒေါသရောင်သမ်းသွားရတာ
ဘာကြောင့်များလဲကွယ်။
ကိုယ်က မင်းကိုကျီစယ်တဲ့သဘောနဲ့
ဂရုမစိုက်ဟန်ပြောမိရင်
မင်းရဲ့ ရန်တွေ့သံတွေ
တုန်ခါနေကြတာ
ဘာကြောင့်များလဲကွယ်။
ကိုယ်က မင်းကို
ချစ်တယ်လို့ပြောတဲ့အခါ
`နင့်ကိုငါမချစ်ဘူး´လို့
တူးတူးခါးခါးငြင်းတာ
ဘာကြောင့်များလဲကွယ်။
ဘာကြောင့်လဲ ..
ဘာကြောင့်များလဲ ...
သိရခက်တဲ့ မိန်းကလေးရယ်။ ။
ခရီရေတာ
စာကြွင်း။ ။ သဲထဲရေသွန်ရင် ၀ိုင်းဝိုင်းအရာလေးတော့ ကျန်ခဲ့တယ်မဟုတ်လား။ အဲလို ၀ိုင်းဝိုင်းအရာလေးတောင်မှ မကျန်ခဲ့တဲ့ ကျနော့်ရဲ့ အဖြစ်အပျက်လေးအကြောင်းပါ။
No comments:
Post a Comment