အဲဒီည
ကိုဘလာဂေါက်ရဲ့ သတ်ပုံမှားတဲ့ည ကဗျာကို မအိပ်ခင်ဖတ်လိုက်တာ .. ကျနော်လဲ ကဗျာရေးဖြစ်သွားပါတယ်။
အဲဒီည
အဲဒီညက ...
အိမ်မြောင်တစ်ကောင်
စုတ်တသပ်သပ်နဲ့ သေတဲ့ည။
အဲဒီညက ...
ကြယ်တစ်ပွင့်
သက်ပြင်းချရင်း ကြွေကျတဲ့ည။
အဲဒီညက ...
မိုးပေါ်က လမင်း
မျက်မှောင်ကုပ်ပြီး မျက်နှာလွှဲတဲ့ည။
အဲဒီညက ...
မိုးကောင်းကင်ကြီး
မကျေမနပ်နဲ့ တောက်ခေါက်တဲ့ည။
အဲဒီညက ...
မုန်းလို့မရ မေ့လို့မရ
မင်းကိုသတိရမိတဲ့ ညပေါ့။
ခရီရေတာ
26.5.2007
No comments:
Post a Comment