ဒီလိုလေ
တက္ကသိုလ် ပထမနှစ်မှာ မြန်မာစာတွေ သင်ရတာ အရမ်း စိတ်ရှုပ်တာပဲ။ ဟိုအလင်္ကာမြောက်တယ်၊ ဒီဂုဏ်မြောက်တယ်နဲ့။ စိတ်ရှုပ်ရှုပ်နဲ့ ကဗျာတစ်ပုဒ်ရေး လိုက်တယ် ...
ဒီလိုလေ
အတိဿယအလင်္ကာနဲ့မယုံချင်စရာတွေလည်း မပြောချင်ဘူး။
ဥပမာစကားနဲ့
မုသားတွေလည်း မပြောချင်ဘူး။
ပသာဒဂုဏ်မြောက်အောင်
ရိုးရိုးလေးပဲ ပြောချင်တယ်။
သြဇဂုဏ်မြောက်အောင်လည်း
ထပ်ခါထပ်ခါ ဆိုချင်မိတယ်။
ဒီလိုလေ ...
မင်းကို ကိုယ်ချစ်တယ်။ ။
No comments:
Post a Comment