လူမိုက်
အီစွတ်ပုံပြင်ထဲက မြေခွေးက သူလှမ်းမမီတဲ့ စပျစ်သီးကို ချဉ်တယ်လို့ ဆိုတယ်မဟုတ်လား။ ကိုယ်က လှမ်းမမီတဲ့ စပျစ်သီးက ပိုချိုမယ်လို့ ထင်မိတယ်။ တာရာမင်းဝေရဲ့ ကဗျာတစ်ပုဒ်ထဲမှာပါတယ်လေ။ ခြင်္သေ့နဲ့ ဘယ်လိုကိုက်ကိုက်၊ ဘီလူးနဲ့ ဘယ်လိုတိုက်တိုက်၊ ချစ်မိသူလောက်တော့ လူမိုက်မမည် တဲ့။
လူမိုက်
လှမ်းမမီတဲ့ စပျစ်သီးကပိုချိုနေတယ်။
မရနိုင်တဲ့ အချစ်ကိုမှ
ပိုလိုချင်နေတယ်။
အဲဒီလိုနဲ့ပဲ ...
အချစ်ရှုံးသူတို့ရဲ့ ရာဇ၀င်မှာ
ငါဟာ လူမိုက်လို့ အမည်တွင်ခဲ့တယ်။ ။
No comments:
Post a Comment