ရေခဲခေတ်
Ice Age ရုပ်ရှင်ကို ကြည့်ပြီးတဲ့အခါ ကိုယ့်နှလုံးသားလဲ အေးစက်စက် ရေခဲခေတ် ရောက်နေပါလားလို့ ခံစားမိလို့ ....
ရေခဲခေတ်
မနွေးထွေးနိုင်တဲ့ မှိန်ပျပျနေရယ်အေးခဲနေတဲ့ ပင်လယ်တွေရယ်
ပြီးတော့ ...
တ၀ုန်းဝုန်းပြိုကျနေတဲ့ နှင်းတောင်တွေရယ်
ဒါ ကမ္ဘာမြေရဲ့ ရေခဲခေတ်ပေါ့ကွယ်။
မနွေးထွေးနိုင်တဲ့ ရင်ခုန်သံတွေရယ်အေးခဲနေတဲ့ ခံစားချက်တွေရယ်
ပြီးတော့ ...
တ၀ုန်းဝုန်းပြိုကျနေတဲ့ မျှော်လင့်ချက်တွေရယ်
ဒါ ကိုယ့်နှလုံးသားရဲ့ ရေခဲခေတ်ပေါ့ကွယ်။ ။
1 comment:
ညီမလေးနှလုံးသားတော့ ဆူးပင်လယ်ကြားက ပန်းတစ်ပွင့်လိုဖြစ်နေတယ်အကိုရေ ..
Post a Comment