ဆုတောင်း
ချစ်သူရှိသူများအတွက် ခရီရေတာရဲ့ လက်ဆောင်ပါ။ ကုသိုလ်ကောင်းမှု တစ်ခါပြု ပြီးတိုင်း ဒီကဗျာလေး ရွတ်ပေါ့နော်။ ဘုရားရှိခိုးပြီးတိုင်းလဲ ရွတ်လို့ရတယ် .. ဟဲဟဲ။
ဆုတောင်း
ဤသို့ပြုရ မြတ်ပုညကြောင့်
မြတ်နိုးရသူ ကိုယ့်ချစ်သူသည်
လာမည့်ဘေး ဝေးပါစေ။
ထိမည့်ခလုတ် ဆုတ်ပါစေ။
နှလုံးစိတ်ဝမ်း အေးချမ်းပါစေ။
ကြံဆောင်သမျှ အောင်ပါစေ။
ချစ်ခြင်းရည်တူ ကြည်ဖြူပါစေ။
ကြင်နာလက်တွဲ မြဲပါစေ။ ။
ခရီရေတာ
15.7.2001
Notice ။ ။ ခရီရေတာ၏ ဆုတောင်း ကဗျာမှာ ခရစ်သက္ကရာဇ် ၂၀၀၁ခုနှစ်ကတည်းက စတင်ပေါ်ထွက်ခဲ့သော မူလလက်ဟောင်း ဆုတောင်း ဖြစ်ပါသည်။ အတုအပ သတိပြုပါ .. ဟီးဟီး ... (စတာနော် တိုက်ဆိုင်မှုရှိရင် စိတ်ဆိုးပါနဲ့နော် .. ) :P
1 comment:
ဆုတောင်းလေးက မိုက်တယ်ကွယ်.. ဓါတ်ပုံလေးကလည်း.. အင်း.. ည၄နာရီအထိ အစ်ကိုတော်က မအိပ်သေးပဲ ဆုတောင်းနေတယ်ပေါ့..
Post a Comment