Saturday, July 21, 2007

ရောဂါ

ဒီကဗျာလေးရဲ့ ပထမစာပိုဒ်မှာ ပါတဲ့ စာသားလေးကို နဲနဲ ရှင်းပြပါမယ်။ သူ့ကို စွဲလန်းစိတ်ကြောင့် ကျနော့်ရဲ့ နှလုံးခုန်သံတွေက သူ့နံမည်လို အသံထွက်နေတယ်။ အဲလို နှလုံးသားက သူ့နံမည်ကို ခေါ်ရင်းခေါ်ရင်းနဲ့ အသံဝင်သွားတယ်လို့ တင်စားပြီး ရေးထားတာပါ။

ရောဂါ

ကိုယ့်နှလုံးသားလေး
အသံဝင်သွားတယ်
မင်းနံမည်ကို
တဖွဖွ ရေရွတ်ရင်းနဲ့ပေါ့ကွယ်။

ကိုယ့်မျက်လုံးအစုံလည်း
ချို့ယွင်းကုန်ပြီကွယ်
မင်းပုံရိပ်တွေပဲ
မြင်မြင်နေမိတယ်။

ကိုယ့်ဦးနှောက်တွေလည်း
ပျက်စီးသွားတယ်ကွယ်
မင်းရဲ့ အပြောင်အပြက်စကားတွေကို
တကယ်ထင်မိသွားတယ်။ ။

ခရီရေတာ
10.11.2004

2 comments:

Layma said...

comment ရေးမဲ့ လက်ချောင်းတွေ ကတုန်ကရင် ဖြစ်သွားတယ်…
ကွဲအက်နေတဲ့ ကဗျာ သံစဉ်တွေ ကြောင့်ပေါ့ကွယ်….

hnin said...

တကယ်တော့ ကဗျာကို တကယ်ရင်ဘတ်နဲ့ဖတ်တဲ့သူဆိုရင် အဓိပ်ပယ်ကို နားလည်ပါတယ်။ ရှင်းပြလိုက်မှ ပေါ့သွားတာလည်း ရှိတယ်လေ။ သိုးလေးကတော့ ခေတ်ပေါ်ကဗျာ အရေးအသားပုံစံလေးတွေကို အရမ်းနှစ်သက်ပါတယ်။