အိပ်ပျက်တဲ့ည
ခံစားကြည့်ကြပါ။ တိုက်ဆိုင်မှု ရှိမလားလို့ ...
အိပ်ပျက်တဲ့ည
တံခါးတွေပိတ် မီးကိုမှိတ်
ကိုယ် အိပ်ရာထဲ ၀င်ခဲ့တယ်။
`အိမ်ကလူတွေ အိပ်ကြပါတော့
ကျနော် စောစောထရမယ်။´
မျက်စိကြောင်ပြီး ဘယ်လူးညာလှိမ့်
အအိပ်ခက်လို့ စိတ်ပျက်တယ်။
လမ်းပေါ်က ခွေးတစ်ကောင်နှစ်ကောင်
အူကြောင်ကြောင်နဲ့ ထဟောင်တယ်။
အိမ်မြောင်က တစ်မျိုး
အရေးထဲ စုတ်လာထိုးနေတယ်။
တစ်ချက်ချက်နဲ့ သွားတဲ့ နာရီသံ
ပိုပိုပြီး ဆူညံလာတယ်။
မျက်စိမှိတ်ပြီး စိတ်ကိုလျှော့
အိပ်တော့လို့ ကိုယ့်ကိုယ်ကို ဆုံးမတယ်။
ရင်တွေပူပြီး အာခေါင်တွေခြောက်
ရေထသောက်ရသေးတယ်။
သန်းခေါင်ကျော် တစ်ချက်ထိုး
ကိုယ်နိုးနေတုန်းပဲ။
မနက်ဖြန် သူနဲ့တွေ့မယ်ဆိုမှ
ရင်ခုန်ပြီး အိပ်မရ ညကရှည်လွန်းတယ်။ ။
ခရီရေတာ
5.3.2006
2 comments:
ဟိုက်ရှားပါး ရိုးရိုးလေးနဲ့ မိုက်တယ် ။ ကြိုက်တယ်.. ကဗျာကိုပြောတား)
တိုက်ဆိုင်ပါတယ်၊ စပ်ထားတာလေးကောင်းတယ်နော်။
ဒါပေသိ ၀င်ရောက် လက်ဆော့ ဦးမယ် ဒီလိုလေး
သူနဲ့တွေ့မဲ့ မနက်ဖြန်တွက်
ရင်ခုန်ပြီးတော့ အိပ်ရခက်လို့
ငါ့ အတွက် ညတာ ရှည်လွန်းတယ်…
Post a Comment